ရွှေနဲ့ ငွေလဲနှုန်း ကွာခြားမှု ထိန်းချုပ်ဖို့ ဘယ်လို လုပ်မလဲ
မြန်မာနိုင်ငံမှာ ရွှေစျေးဟာ ပြင်ပကွက်ပေါက်စျေးနဲ့ စစ်ကောင်စီရဲ့ သတ်မှတ်တဲ့ ရွှေပေါက်စျေးတို့အကြား ကျပ် ၁၀ သိန်းနီးပါးကွာဟနေပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ စျေးသတ်မှတ်မှုဟာလည်း ပြင်ပငွေလဲနှုန်းနဲ့ ကျပ် တစ်ထောင်ကျော်နီးပါး ကွာဟနေပါတယ်။ ဘာကြောင့်ပါလဲ။ အဲဲဒီပြင်ပစျေးကွက်မှာ ပေါက်နေတဲ့စျေးတွေကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဘယ်လိုပုံစံမျိုးတွေ ကြိုးစားနေပါသလဲ။ ကိုမိုးမြင့်က အပြည့်အစုံကိုပြောပြမှာပါ။