ဆန်ဈေးထိန်းဖို့ ဆန်စပါးအသင်းချုပ် လုပ်မယ်
ပြည်တွင်းမှာ ဆန်သိုလှောင်ထားမှု များပြီး ဈေးကစားတာနဲ့ ငွေကြေး ဈေးနှုန်း မတည်ငြိမ်တဲ့အတွက် ဆန်ဈေးနှုန်း မြင့်တက်လာလို့ သိုလှောင်ရုံတွေ မှတ်ပုံတင်တဲ့စနစ်ကို ပြုလုပ်ပြီး ထိန်းညှိသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။ စစ်ကောင်စီက ဖွဲ့စည်းခဲ့တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကလည်း ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် အစည်းအဝေးခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ကိုထွေးက ပြောပြပါမယ်။