အီရန်က ထွက်ပြေးလာတဲ့ ဆန္ဒပြ မိခင်တဦး
အီရန်မှာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလအတွင်းက အမျိုးသမီးတွေရဲ့ လူမှုဘဝ လွတ်လပ်မှုအတွက် ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီးနောက် လူ ရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို အများအပြားလည်း ထောင်ဒဏ်အပစ်ပေးခံခဲ့ရပြီး တချို့ကတော့ တိုင်းပြည်အတွင်းကနေ ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီ ပြေးလာကြသူတွေထဲမှာ ၂၆ နှစ်အရွယ် ဆီမာ ဘရတ်ဘီဂျီလည်း ပါဝင်ပါတယ်။ သူနဲ့ ၃ နှစ်အရွယ် သမီးငယ်တို့ဟာ အီရတ်ကာဒစ်စတန် နယ်ထဲကို ရှောင်းရင်း ပုန်းရင်း ပြေးခဲ့ကြရတာပါ။ ဆီမာဟာ ဆန္ဒပြနေစဉ်အတွင်း ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီဒဏ်ရာကို အီရန်တွင်းမှာ ကုသဖို့ အခက်အခဲတွေ ရှိတဲ့အတွက် အခုလို တောင်တွေကိုကျော်ဖြတ် ထွက်ပြေးဖို့အတွက် ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ ဂျီယာ ဂိုလ်က သူနဲ့ တွေ့ဆုံနိုင်ခဲ့တာကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။