ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုပြစ်ဒဏ်လျှော့ပေါ့
မြန်မာသက္ကရာဇ်၊ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့ ဒီကနေ့မှာ စစ်တပ်က ပြစ်ဒဏ် လျှော့ပေါ့ လွတ်ငြိမ်းခွင့်တွေ ထုတ်ပြန်လိုက်ပါတယ်။ ပြစ်ဒဏ် လျှော့ပေါ့ ပေးတဲ့အထဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့လည်း ပါတယ်လို့သိရပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ လျှော့ပေါ့ ပေးတာပါလဲ။ ဒီကနေ့ လွတ်ငြိမ်းခွင့်ပြု ခဲ့တဲ့ ပုံစံအပြည့်အစုံကို ကိုဟိန်းကိုစိုးက ပြောပြမှာပါ။