ဟားခါး - ထန်တလန်လမ်း ပြန်သုံးနိုင်ဖို့ စစ်ကောင်စီကြိုးစား
မနေ့ ဇူလိုင်လ ၂၅ ရက်နေ့က ချင်းပြည်နယ် မြောက်ပိုင်းဖြစ်တဲ့ ဟားခါး - ထန်တလန်မြို့ ကား လမ်းကြောင်း ပြန်လည် သွားလာနိုင်ရေးအတွက် အစည်းအဝေးကို ပြည်နယ် ဝန်ကြီးချုပ် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူးတွေ အပါအဝင် ပြည်နယ်ဝန်ကြီးတွေ ရပ်မိရပ်ဖတွေ၊ ဘာသာရေးဆိုင်ရာ အကြီးအကဲတွေ တက်ရောက်ခဲ့ကြပါတယ်။
စစ်ကောင်စီ အနေနဲ့ ဟားခါး-ထန်တလန် လမ်းကို ပြန်လည် အသုံးပြုဖို့ အဓိက ဆွေးနွေး ကြတာဖြစ်ပြီး ဒေသခံပြည်သူတွေကတော့ အဲဒီလမ်းပိုင်းကို အသုံးမပြုရဲကြဘူးလို့ အစည်းအဝေး တက်ရောက်ခဲ့သူ ဒေသခံတချို့ကပြောပါတယ်။ ဒီဟားခါး - ထန်တလန်လမ်းဟာ CDF တွေ စိုးမိုးထားနိုင်တဲ့ နယ်မြေလည်း ဖြစ်ပြီး စစ်ကောင်စီအနေနဲ့ ဒီလမ်းပိုင်းကို ဘာကြောင့် အသုံးပြုလိုတာလဲ။ စစ်ရေးအရရော ဒီလမ်းက ဘယ်လောက် အရေးပါပါသလဲ။ ကိုရင်မောင်က ပြောပြပေးမှာပါ။