အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးစတင်
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ယင်းနဲ့ ဆက်စပ်တဲ့ အစည်းအဝေးတွေကို ဇူလိုင် ၁၁ ရက် ဒီကနေ့ ကနေ ဇူလိုင် ၁၄ ရက်နေ့အထိ အာဆီယံအလှည့်ကျ ဥက္ကဌ နိုင်ငံအင်ဒိုနီးရှားရဲ့ မြို့တော် ဂျာကတာမှာ ကျင်းပနေပါပြီ။ အဲဒီအစည်းအဝေးတွေမှာ တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာ့အရေးက ထိပ်တန်း ဆွေးနွေးရမယ့် အကြောင်းအရာတွေအဖြစ်ပါဝင်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြ ပါတယ်။ အဘက်ဘက်နဲ့ ထိတွေ့မှုတွေရှိတယ်ဆိုတဲ့ အင်ဒိုနီးရှားဥက္ကဌ တာဝန်ယူထားချိန် မြန်မာ့အရေး ထိရောက်တဲ့ ဖြေရှင်းနိုင်မှုတွေရှိလာနိုင်ပါသလား။ အပြည့်အစုံကို ကိုဇေယျာထွန်းက ပြောပြမှာပါ။