ဒိုက်ဦးအကျဉ်းထောင်က ရွှေ့ပြောင်းခံရသူတွေထဲ သေဆုံးသူတွေရှိ

ဗီဒီယို ပုံစာ, ဒိုက်ဦးအကျဉ်းထောင်က ရွှေ့ပြောင်းခံရသူတွေထဲ သေဆုံးသူတွေရှိ

ပဲခူးတိုင်းက ဒိုက်ဦးအကျဉ်း‌ထောင်ထဲကနေ ထောင်ပြောင်းရွှေ့ဖို့ခေါ်ထုတ်ခံရသူ ဒါဇင်နဲ့ချီရှိပြီး အဲဒီထဲက ၃ ဦးကိုတော့ သေဆုံးပြီဖြစ်ကြောင်း မိသားစုဝင်တွေဆီ တရားဝင်စာ‌ရောက်လာပြီလို့ ဘီဘီစီက အတည်ပြုထား နိုင်ပါတယ်။ ဒိုက်ဦးဖြစ်စဉ်လို အကျဉ်းသား၊ အချုပ်သားတွေ ထွက်ပြေးလို့ဆိုပြီး ပစ်ခတ်ဖမ်းရာကနေ သေဆုံးရသူဦးရေက ဒီသီတင်းပတ်ထဲမှာကို ငါးဦးထက်မနည်း ရှိလာတာပါ။ ဒါဟာ ဥပဒေရှုထောင့်အရဆို ဘယ်လိုသဘောဆောင်နေပါသလဲ။ အပြည့်အစုံကို မနှင်းမိုက ပြောပါမယ်။