မြန်မာဟိုတယ်တွေ အွန်လိုင်းမှာ အလုံးလိုက်ရောင်းချ

ဗီဒီယို ပုံစာ, မြန်မာဟိုတယ်တွေ အွန်လိုင်းမှာ အလုံးလိုက်ရောင်းချ

မေလဆန်းပိုင်းကစလို့ ဒီကနေ့အထိ ဆိုရှယ်မီဒီယာတွေကတဆင့် ဟိုတယ်တွေကိုအလုံးလိုက်ပြန်လည် ရောင်းချတာမျိုးတွေကိုရှိလာပါတယ်။ အိမ်ခြံမြေလုပ်ငန်းအချို့ဆိုရင် ရန်ကုန်ကရောင်းလိုတဲ့ ဟိုတယ် ၂၇ လုံးအထိ စာရင်းပြုစုပြီး တင်ပြရောင်း ချနေတာမျိုးလည်းရှိပါတယ်။ အဲဒီအပြင် ရှမ်းပြည်၊ မန္တလေး အပါအဝင် အခြားနေရာဒေသတွေမှာလည်း အလားတူရောင်းလိုတာမျိုးတွေရှိနေတယ်လို့ အကျိုးဆောင် ပေးနေသူတွေထံကသိရပါတယ်။ ဘာကြောင့်ပါလဲ အပြည့်အစုံကို ကိုဟိန်းကိုစိုး က ပြောပြပေးမှာပါ။