ကန်က ဘဏ်တွေပိတ်ဆို့မယ့် သတင်းကြောင့် ဒေါ်လာဈေးတက်
စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ နိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်က ပိတ်ဆို့မယ်လို့ သတင်းတွေထွက်ပေါ်ပြီးတဲ့နောက် အမေရိကန်ဒေါ်လာစျေးလည်း ရုတ်တရက် မြင့်တက်သွားခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီပိတ်ဆို့မှုကြောင့် ထိခိုက်မှုအနည်းနဲ့အများကြုံတွေ့မယ်လို့ မျှော်လင့်ထားပြီး မိတ်ဆွေနိုင်ငံတွေရဲ့အကူအညီနဲ့ ကျော်ဖြတ်သွားမယ်လို့ တုံ့ပြန်ပါတယ်။
အကြောင်းစုံကို ကိုတင်အောင်ကျော် ပြောပြပေးမှာပါ။