ရုန်းကန်နေရတဲ့ ပြည်တွင်းပြည်ပက မြန်မာ လုပ်သားများ

ဗီဒီယို ပုံစာ, ရုန်းကန်နေရတဲ့ ပြည်တွင်းပြည်ပက မြန်မာ လုပ်သားများ

နိုင်ငံတွင်းမှာ လျှပ်စစ်မီး နာရီနဲ့ချီ ပြတ်တောက်တာ အပါအဝင် အာဏာသိမ်းစစ်ကောင်စီအောက် လက်တွဲမလုပ်ဖို့ ဖိအားပေးမှုတွေကြား ပြည်တွင်းကနေ ပြန်လည်ထွက်ခွာတဲ့ နိုင်ငံတကာစက်ရုံ အလုပ်ရုံတွေနဲ့ ကုမ္ပဏီတွေကြောင့် ပြည်တွင်းအလုပ်သမားတွေ အလုပ်အကိုင်ဆုံးရှုံးမှုတွေ ဆက်ရှိနေပါတယ်။ စစ်အာဏာသိမ်းမှုအောက် အထွေထွေ အကျပ်တည်းကြား ရုန်းကန်နေရတာဟာ ပြည်တွင်းက လုပ်သားတွေတင်မကပါဘူး။ မြန်မာရွှေ့ပြောင်း လုပ်သားတွေ အများဆုံးရှိနေတဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာလည်း အာဏာသိမ်း နောက်ဆက်တွဲကြောင့် ပြည်ပက မြန်မာအလုပ်သမားတွေ အထိရိုက်ခတ်ပြီး အခက်အခဲတွေရှိလာနေကြပါတယ်။ အာဏာသိမ်း ကာလ အတွင်း ၃ကြိမ်မြောက် ကျရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ မြန်မာ ထိုင်းနဲ့ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ရုန်းကန်နေရတဲ့ အကြောင်း အထူးတင်ဆက်မှုကို မညိုလဲ့ရည်ပြောပြပေးပါမယ်။