ကန့်ဘလူမြို့နယ်က စစ်ဘေးရှောင်ကြသူတွေနဲ့ မြွေအန္တရာယ်
စစ်ကြောင်းဆက်တိုက်ထိုးခံနေရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ နှစ်နှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၆၁ ယောက်ရှိပြီး အဲ့ဒီအထဲက ကလေး ၂ ယောက်အပါအဝင် ၆ ယောက် သေဆုံးတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကနေ သိရပါတယ်။ လက်ရှိအချိန်မှာလည်း စစ်ကြောင်းထိုးတာတွေ ဆက်ရှိနေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ မြွေအန္တရာယ်ကို ဆက်ပြီးရင်ဆိုင်နေရသလို မြွေဆိပ်ဖြေဆေးတွေလည်း လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီအကြောင်းကို ကိုတင်အောင်ကျော်က ပြောပြပေးပါမယ်။