ဒေါ်နယ်ထရမ့် အမှုရင်ဆိုင်ဖို့ နယူးယောက် ရောက်ရှိ

ဗီဒီယို ပုံစာ, ဒေါ်နယ်ထရမ့် အမှုရင်ဆိုင်ဖို့အတွက် နယူးယောက် ရောက်လာ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်ဟာ သူ့အပေါ်စွဲဆိုထားတဲ့ ရာဇ၀တ်မှုတွေကို ရင်ဆိုင်ဖို့ နယူးယောက်မြို့က သူ့နေအိမ်မှာ ရှေ့နေတွေနဲ့ တိုင်ပင် ဆွေးနွေးနေပါတယ်။ ဒီနေ့ ညနေပိုင်းမှာ သူဟာ တရားရုံးမှာ အမှု ရင်ဆိုင်ရမှာဖြစ်ပါတယ်။ သူဟာ အမေရိကန် သမ္မတဟောင်းတွေထဲမှာ ပထမဆုံး ရာဇဝတ်မှုနဲ့ စွဲဆိုခံရသူလည်း ဖြစ်ပါတယ်။ အဲဒီ စွဲချက်တွေထဲမှာ သူအနိုင်ရခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲ မတိုင်ခင်က အပြာရုပ်ရှင် မင်းသမီး တယောက်ကို ငွေပေးပြီး သူနဲ့ ပတ်သက်မှုကို မပြောဖို့ နှုတ်ဆိတ်စေခဲ့သလား ဆိုတာလည်း ပါဝင်ပါတယ်။ မစ္စတာ ထရမ့်ကတော့ ငြင်းဆိုထားပါတယ်။ သမ္မတဟောင်းအပေါ် ထောက်ခံသူတွေရော ဆန့်ကျင်သူတွေပါ လာရောက်ဆန္ဒပြကြဖွယ် ရှိတယ်လို့ယူဆထားတာကြောင့် အာဏာပိုင်တွေက လုံခြုံရေးတွေ တင်းကြပ်ထားပါတယ်။

မစန္ဒာဝင်းက ပြောပြမှာပါ။