NLD မပယ်ဖျက်ခင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင်တချို့နဲ့ တွေ့ဆုံဖို့စစ်ကောင်စီ စီစဉ်ခဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ရက်အတွင်း မှတ်ပုံ ပြန်မတင်လို့ဆိုပြီး တခြား နိုင်ငံရေးပါတီ တချို့နဲ့အတူ ပါတီအဖြစ်ကနေ ပယ်ဖျက်ကြောင်း မတ်လ ၂၈ ရက်မှာကြေညာခဲ့ပါတယ်။
အဲဒီလို မကြေညာခင် ရက်ပိုင်းအလိုမှာပဲ နေပြည်တော် အချုပ်ထောင်မှာ ထောင်ဒဏ် ၃၃ နှစ်နဲ့ အကျဥ်းချ ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီဝင်တချို့နဲ့ တွေ့ဆုံဖို့စစ်ကောင်စီက စီစဥ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။
ဒါ့အပြင် ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။ NLD ပါတီမှာ ဗဟိုအလုပ်ကော်မတီဝင်အဖြစ် တာဝန်ယူခဲ့သူ ဒေါ်စန္ဒာမင်းနဲ့ ဘီဘီစီက တွေ့ဆုံမေးမြန်းထားပါတယ်။