ကိုဗစ် မူလဇစ်မြစ်အကြောင်း FBI စွပ်စွဲချက် တရုတ် တုံ့ပြန်

ဗီဒီယို ပုံစာ, ကိုဗစ် မူလဇစ်မြစ်အကြောင်း FBI စွပ်စွဲချက် တရုတ် တုံ့ပြန်

ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ ဝူဟန်မြို့မှာရှိတဲ့ တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ ဓာတ်ခွဲခန်းတခုကနေ ပေါ်ပေါက်ခဲ့တာ ဖြစ်နိုင်ခြေအတော်များတယ်လို့ အမေရိကန် ဗဟိုထောက်လှမ်းရေး ဗျူရို FBI ညွှန်ကြားရေးမှူး Christopher Wray က ပြောပါတယ်။

FBI အဖွဲ့ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူရင်းဇစ်မြစ်တွေကို စုံစမ်းစစ်ဆေးရာမှာ နိုင်ငံရေး ပယောဂ ပါတယ်လို့ တရုတ်နိုင်ငံက စွပ်စွဲလိုက်ပြီး ဒီ အယူအဆကို အထောက်အပံ့ဖြစ်စေတဲ့ သိပ္ပံနည်းကျ အထောက်အထား အသစ်တွေ ဘာမှ မရှိဘူးလို့လည်း တုံ့ပြန်ပါတယ်။

တခြား အမေရိကန် အေဂျင်စီတွေကလည်း ဒီဗိုင်းရပ်စ်ပိုးဟာ သဘာဝအလျောက် ဖြစ်ပေါ်လာတာလို့ ယူဆထားပါတယ်။

ဘီဘီစီ သတင်းထောက် John Sudworth ရဲ့ သတင်းကို ကိုမင်းထက်က ပြန်ပြောပြပေးမှာပါ။