စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ တထောင်ကျော် သေဆုံးခဲ့ရလို့ NUG ထုတ်ပြန်

ဗီဒီယို ပုံစာ, စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ တထောင်ကျော် သေဆုံးခဲ့ရလို့ NUG ထုတ်ပြန်

စစ်အာဏာသိမ်းထားတဲ့ နှစ်နှစ်တာနီးပါး ကာလအတွင်း ကလေးငယ် ၂၆၀ ယောက်၊ အမျိုးသမီး ၄၀၀ ကျော်၊ လူငယ် ၁၀၆၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်လာပါတယ်။ အလားတူ စစ်ကောင်စီဘက်ကလည်း သူတို့နဲ့ပူးပေါင်းလုပ်ဆောင်သူလို့ ယူဆသူတွေ သတ်ဖြတ်ခံရတာတွေကို ထုတ်ပြန်ပြောဆိုထားပါတယ်။ ‌ဘယ်လိုဒေသတွေမှာ သေဆုံး၊ သတ်ဖြတ်မှုတွေဖြစ်နေတာပါလဲ။ ဒီအကြောင်းကို ကိုမိုးမြင့် က ပြောပြပေးပါမယ်။