ရန်ကုန် - ဒလမြစ်ကူးသင်္ဘောပေါ်မှာ ပေါက်ကွဲမှုဖြစ်
ဒီဇင်ဘာ၁၈ရက်ညပိုင်းမှာ ရန်ကုန် - ဒလမြစ်ကူးသင်္ဘောပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေး PDF တွေလုပ်တာလို့ စွပ်စွဲထားသလို ဒလ PDF ဘက်ကလည်း သူတို့လုပ်တာမဟုတ်ကြောင်းငြင်းဆိုထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုကြောင့် အရပ်သား ၁၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့အကြောင်းအပါအဝင် မျက်မြင်တွေရဲ့ ပြောဆိုချက်နဲ့အတူ ကိုဘိုဘို က စုစည်းပြောမှာပါ။