မြန်မာငွေ ပြန်မာလာပြီလား

ဗီဒီယို ပုံစာ, မြန်မာငွေ ပြန်မာလာပြီလား

နိုင်ငံခြားငွေလဲနှုန်းဟာ နိုဝင်ဘာလ တတိယပတ် လောက်ကစပြီးဆက်တိုက် ကျဆင်းလာပါတယ်။ ဒေါ်လာ၊ ယွမ်၊ဘတ် စတဲ့ မြန်မာပြည်တွင်းမှာ အသုံးအများဆုံးလို့ပြောနိုင်တဲ့ နိုင်ငံခြားငွေစျေး ဆက်တိုက်ကျဆင်းလာတာဖြစ်ပြီး အခုလို ပွင့်လင်းခရီးသွားရာသီမှာတောင် ငွေအရောင်းအဝယ်စျေးကွက်မှာ အေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီစျေးနှုန်းကလည်း အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ် တက်လာခဲ့ရာက အခုဒီဇင်ဘာလထဲမှာ တစ်လီတာကို ၁၈၀၀ ၀န်းကျင်ကို ပြန်လည် ရောက်ရှိလာပါတယ်။

ဒီအချက်တွေဟာ မြန်မာငွေ တန်ဖိုး ပြန် မာလာတယ်လို့ သုံးသပ်နိုင်ပါသလား။ အကြောင်းစုံကို မရီရီအောင်က ပြောပြပေးမှာပါ။