ရခိုင်မြောက်ပိုင်းမှာ စပါးခင်းတွေရိပ်သိမ်းနိုင်ပြီ
စစ်ပွဲတွေကြောင့် ရိတ်သိမ်းခွင့်မရဘဲဖြစ်နေခဲ့တဲ့ ရခိုင်မြောက်ပိုင်းက စပါးခင်းတွေကို အခုရက်ပိုင်း စတင်ရိတ်သိမ်းနေကြပြီဖြစ်တယ်လို့ တောင်သူတွေကပြောဆိုကြပါတယ်။ အဲ့ဒီစပါးခင်းတွေဟာ စစ်ကောင်စီတပ်တွေရှိနေတဲ့နေရာတွေက စပါးခင်းတွေဖြစ်ကြသလို နေရပ်စွန့်ခွာခဲ့ကြတဲ့ ကျေးရွာသားတွေပိုင်ဆိုင်တဲ့ စပါးခင်းတွေလည်းဖြစ်ပါတယ်။ ရိတ်သိမ်းခွင့်ရရှိနေပြီဖြစ်ပေမယ့် စက်သုံးဆီပြတ်လပ်မှုကြောင့် စပါးခင်းအများစုတော့ မရိတ်သိမ်းနိုင်ကြသေးဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအကြောင်း ကိုတင်အောင်ကျော်က ပြောပြမှာပါ။