ဘုရားသုံးဆူက သတ္တုတွင်းကို စစ်ကောင်စီ ဗုံးကြဲ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်ထဲက ဘုရားသုံးဆူမြို့နယ်အတွင်းရှိ မက္ကသာကျေးရွာ အနီး ခနောက်စိမ်းသတ္တုတူးဖော်တဲ့ မိုင်းလုပ်ကွက်ကို ဒီကနေ့ နိုဝင်ဘာလ(၁၆)ရက် မနက်အစောပိုင်း (၁)နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက် ခိုက်မှုကြောင့် မိုင်းတွင်းအလုပ်သမား အရပ်သား (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရရှိခဲ့ တယ်လို့ ကရင်အမျိုး သားအစည်းထံကသိရပါတယ်။ စစ်ကောင်စီဘက်က ဘာကြောင့်အခုလိုလေကြောင်းတိုက်ိခုက်မှုလုပ်ခဲ့တာ ပါလဲ။ အပြည့်အစုံကို ကိုရင်မောင်က ပြောပြမှာပါ။