NLD က နိုင်ငံရေး ရပ်တည်ချက် ထုတ်ပြန်
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတာ ၂ နှစ်ပြည့်တဲ့ ဒီကနေ့မှာ အနိုင်ရပါတီ NLD က စစ်ကောင်စီကပြုလုပ်မယ့်ရွေးကောက်ပွဲအပါအဝင် သူတို့ရဲ့နိုင်ငံရေးရပ်တည်ချက်တွေကို ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အာဆီယံအပါအဝင် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာတွေ့ဆုံ ဆွေးနွေးအဖြေရှာနိုင်မှသာ မြန်မာ့အရေး ပြဿနာပြေလည်ရေးလမ်းစ ရနိုင်မယ်လို့ပါ ထုတ်ပြောလာပါတယ်။ အပြည့်အစုံကို ကိုတင်အောင်ကျော် စုစည်းပြောပြပေးမှာပါ။