မြန်မာနိုင်ငံမှာ ဘေးလွတ်ဖို့ ပြေးရတဲ့ ကလေး ၅ သိန်းကျော်ရှိ
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့သူတွေအထဲမှာ ကလေးငယ်အရေအတွက် ၅ သိန်း ၂ သောင်းအထိ ရှိနေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save The Children က ပြောပါတယ်။ ဒီအရေအတွက်က စစ်အာဏာသိမ်းပြီးတဲ့နောက် နေရပ်စွန့်ခွာရသူတွေရဲ့ထက်ဝက်နီးပါးရှိလာနေပါတယ်။ ဒီအကြောင်းကို ဘီဘီစီသတင်းထောက် ကိုဇေယျာထွန်း က ပြောပေးမှာပါ။