ပထမဆုံး အာရှနွယ်ဖွား ယူကေဝန်ကြီးချုပ်

ဗီဒီယို ပုံစာ, ပထမဆုံး အာရှနွယ်ဖွား ယူကေဝန်ကြီးချုပ်

အသစ်တက်လာတဲ့ ဝန်ကြီးချုပ်သစ် ရီရှီဆူးနတ်ခ် ကို ချားလ်စ်ဘုရင်က အစိုးရသစ် ဖွဲ့စည်းဖို့ တာဝန်ပေးလိုက်ပါပြီ။ ဆိုတော့ သူ့ရဲ့ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း ဘာတွေလုပ်ခဲ့သလဲ ကြည့်ရအောင်ပါ။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၅ ကမှ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီကနေ ခပ်မြန်မြန် ထောင်တက်သွားပြီး ဘောရစ္စဂျွန်ဆင် အစိုးရလက်ထက်မှာ ဘဏ္ဍာရေး၀န်ကြီး အဖြစ်ပါ တာဝန်ယူခဲ့ရပါတယ်။ ကပ်ရောဂါ ကာလအတွင်း ဗြိတိန်ရဲ့ စီးပွားရေးကို ပဲ့ကိုင်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ အာရှနွယ်ဖွားတွေထဲမှာ ပထမဆုံးသော ယူကေ ဝန်ကြီးချုပ်နဲ့ နှစ်ပေါင်း ၂၀၀ ကျော်အတွင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ် တယောက်ပါ ဖြစ်လာခဲ့ပါပြီ။ သူ နေရာကို ဘယ်လို ဘယ်ပုံနဲ့ တက်လှမ်းနိုင်ခဲ့သလဲ။ သူ့ရဲ့ မကြာသေးခင် နှစ်ပိုင်းတွေအတွင်းက နိုင်ငံရေး စွမ်းဆောင်မှုတွေကို ကြည့်ရအောင်ပါ။