တစ်တော့ခ်က အလှူငွေတွေ ဖြတ်ယူနေ
လူသုံးများတဲ့ လူမှုကွန်ရက်တခု ဖြစ်တဲ့ တစ်တော့ခ်က သူ့အက်ပ်ကနေတဆင့် ဆီးရီးယားက အိုးအိမ်စွန့်ပြီး စစ်ရှောင်ပြေးလာရတဲ့ မိသားစုတွေအတွက် လှူတဲ့ အလှူငွေတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ယူနေတာကို ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။ ကလေးသူငယ် ဒါဇင်များစွာ အပါအဝင် ဘဝလုံခြုံမှု မရှိတဲ့ မိသားစုတွေကို ကြားခံလူတယောက်ရဲ့ အကောင့်ကို ပေးသုံးပြီး လိုက်ဗ်လွှင့် ဒစ်ဂျစ်တယ်နည်းနဲ့ အလှူခံခိုင်းတာ ဖြစ်ပါတယ်။ အဲဒီ ဒစ်ဂျစ်တယ်နည်းနဲ့ ရလာတဲ့ အရာတွေကို တကယ့်ငွေကြေး အဖြစ်ပြန်လည် ပြောင်းလဲနိုင်တာ ဖြစ်ပါတယ်။ တစ်တော့ခ်ဟာ သူတို့ ထုတ်ထားတဲ့ စည်းကမ်းတွေကို သူတို့ဘာသာ ပြန်ချိုးဖောက်နေတာသာ မကဘဲ အဲဒီလို ဒုက္ခကြုံနေရတဲ့ မိသားစုတွေအပေါ်မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ ပရဟိတအဖွဲ့တွေကလည်း စွပ်စွဲ ထားကြပါတယ်။ ကိုကျော်ဇေယျက ပြောပြမှာပါ။