ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ဖျက်သိမ်းတော့မယ်

ဗီဒီယို ပုံစာ, ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီကို ဖျက်သိမ်းတော့မယ်

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းက သူဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖျက်သိမ်းဖို့ သက်ဆိုင်ရာ ဌာနကို တင်ပြထားတယ်ဆိုပြီး ထုတ်ပြောလာပါတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပ မယ်လို့ ပြောနေချိန်မှာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာတွေအတွက် အမတ်လောင်း အရေအတွက် တတိယအများဆုံးနဲ့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ ဒီပါတီ ဖျက်သိမ်းဖို့ ဘယ်လို အကြောင်းဖန်လာတာပါလဲ။ ကိုဇေယျာထွန်းက ဆက်ပြောပြပါမယ်။