လက်ယက်ကုန်းမှာ သေဆုံးခဲ့ရတဲ့ ကလေးရဲ့ မိဘတွေပြောပြချက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ပစ်ခတ်ခံခဲ့ရတဲ့ဖြစ်စဉ်မှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေထဲက အသက် ၇နှစ်အရွယ် မစုရတီလှိုင်ရဲ့ ဖခင်ဖြစ်သူ နဲ့ မိခင်ဖြစ်သူတို့ ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ သူတို့သမီးငယ်လေးဆုံးပါးရတဲ့အဖြစ်ကို မိဘနှစ်ပါးကတော့ အဝေးကနေပဲ ဝမ်းနည်းပူဆွေးနေကြရပါတယ်။ သူတို့သမီးငယ်ရဲ့ရုပ်အလောင်းကို ပွေ့ဖက်ခွင့်တောင်မရခဲ့တဲ့ အဝေးရောက်မိဘ ၂ ဦးရဲ့ အခြေအနေကို မညိုလဲ့ရည် ပြောပြထားပါတယ်။