လက်ယက်ကုန်း ကလေးတွေ သေဆုံးမှု PDF ကုန်ကြမ်းရှာတာလို့ စစ်ကောင်စီ ပြော
ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျောင်းတက်နေတဲ့ ကလေးငယ်တွေ နဲ့ ဒေသခံတွေ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အပေါ် စစ်ကောင်စီက ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြန်ရှင်းလင်းရာမှာ လေကြောင်းက ပစ်ခတ်ခဲ့တာကို ထည့်သွင်းပြောဆိုမှုမရှိခဲ့ပါဘူး။ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ကာကွယ်ရေး အဖွဲ့တွေကသုံးခဲ့တယ်လို့ လည်း စွပ်စွဲပြောဆိုသွားပါတယ်။ ဒေသခံတွေဘက်က ဘယ်လိုတုန့်ပြန် ပြောဆိုနေကြပါသလဲ ကိုရင်မောင်က ဆက်ပြောပြမှာပါ။