ရုရှားတိုက်ထုတ်ရေး အနောက်နိုင်ငံတွေ ပိုကူညီဖို့ ယူကရိန်းတောင်းဆို
ယူကရိန်းက ရုရှားတွေ သိမ်းထားတဲ့ သူ့နယ်မြေတွေကို ပြန်လည် သိမ်းယူနိုင်ရေးအတွက် တန်ပြန်ထိုးစစ်တွေ ဆင်နွှဲနေရာမှာ ပိုပြီး အောင်မြင်မှု ရဖို့ အနောက်နိုင်ငံတွေက လက်နက်နဲ့ တခြားအကူအညီတွေ ပိုမိုပံ့ပိုး ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာတင် ယူကရိန်းတပ်တွေက နိုင်ငံအရှေ့ပိုင်းက မြို့ရွာပေါင်း ၂၀ လောက်ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပါတယ်။ ရုရှားကလည်း ဟာခိဖ် မြို့ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မြို့ထဲမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်ရဲ့ ဗျူဟာတွေကိုလည်း စစ်မြေပြင်မှာ ရှိနေတဲ့ ရုရှားအကြီးတန်း တပ်မှူးတယောက်က ဝေဖန်လိုက်ပါတယ်။ ယူကရိန်း သတင်းထောက် ဂျိမ်းစ် ဝါးတားဟောက်စ်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။