ဘုရင်မကြီးကို အိန္ဒိယ ဂုဏ်ပြု
နတ်ရွာစံသွားခဲ့တဲ့ အဲလစ်ဇဘက် ဘုရင်မကြီးအတွက် ဝမ်းနည်းသော အထိမ်းအမှတ်အဖြစ် အိန္ဒိယမှာ အလံကို တိုင်ဝက်လွှင့်ထူထားကြပါတယ်။ ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ဒီနေ့ခေတ်အတွက် အားကိုးအားထား စံပြုစရာ အဖြစ် ဂုဏ်ပြုခဲ့သလို အတိုက်အခံခေါင်းဆောင် ဆိုနီယာ ဂန္ဒီကလည်း လူအများရဲ့ ချစ်ခင်လေးစားခံရသူအဖြစ် ဂုဏ်တင်ခဲ့ပါတယ်။
ဒီလို ဘုရင်မကြီးအတွက် ဝမ်းနည်းကြေကွဲခြင်းနေ့ အဖြစ် သတ်မှတ်ခဲ့တဲ့ အပေါ်မှာ မတူညီတဲ့ တုံ့ပြန်မှုတွေ ရှိလာပါတယ်။ တချို့ အိန္ဒိယပြည်သူ ပြည်သားတွေက ကိုလိုနီ စနစ်ရဲ့ အမှတ်သညာလို ဖြစ်နေသူကို ဘာအတွက် ဂုဏ်ပြုနေကြသလဲ ဆိုပြီး မေးခွန်းထုတ်ကြပါတယ်။ ဘီဘီစီရဲ့ တောင်အာရှ သတင်းထောက် ယောဂီတာ လင်မရဲရဲ့ သတင်းကို မရီရီအောင်က ပြန်ပြောပြမှာပါ။