ဆိုဗီယက်ခေါင်းဆောင် မီခိုင်းလ် ဂိုဘာချော့ဗ် ကွယ်လွန်
အရင် ဆိုဗီယက် ပြည်ထောင်စုရဲ့ နောက်ဆုံး ခေါင်းဆောင်လည်း ဖြစ်သလို တဦးတည်းသော သမ္မတလည်း ဖြစ်ခဲ့တဲ့ မီခိုင်းလ် ဂိုဘာချော့ဗ်ဟာ အသက် ၉၁ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ရုရှားစီးပွားရေး ပြန်လည် ဦးမော့လာစေဖို့ အတွက် ပယ်ရယ်စရွိုက်ကာ လို့ ခေါ်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ နောက်ပြီး ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲခဲ့တဲ့ အဖြစ်အပျက်နဲ့ စစ်အေးတိုက်ပွဲကြီး အဆုံးသတ်သွားခဲ့တာလိုမျိုး ကြီးမားတဲ့ အပြောင်းအလဲကြီးတွေမှာလည်း ပါဝင်ဦးဆောင်ခဲ့သူ တယောက်ဖြစ်ပါတယ်။ မစ္စတာ ဂိုဘာချော့ဗ် ကွယ်လွန်သွားခဲ့တာနဲ့ ပတ်သက်ပြီး သူနဲ့ အမြင်ချင်း တော်တော် ကွဲလွဲတဲ့ လက်ရှိ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လွန်စွာ ဝမ်းနည်းမိတဲ့ အကြောင်း ပြောပါတယ်။ ဘီဘီစီရဲ့ ရုရှား သတင်းထောက် စတိ(ဗ်)ရိုဆင်ဘတ်ဂ်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။