ယူကရိန်း လွတ်လပ်ရေး ၃၁ နှစ်ပြည့်

ဗီဒီယို ပုံစာ, ယူကရိန်း လွတ်လပ်ရေး ၃၁ နှစ်ပြည့်

၁၉၉၁ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီး ယူကရိန်း နိုင်ငံလွတ်လပ်ရေး ရခဲ့တာဟာ ဒီနေ့ဆိုရင် ၃၁ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလိုနေ့မှာ ကိယဗ်မြို့တော်မှာ အခမ်းအနားတွေ ကျင်းပလေ့ရှိကြပေမယ့် ဒီနှစ်တော့ ရုရှားက တိုက်ခိုက်မှုတွေ ပိုလုပ်လာနိုင်တဲ့အတွက် လူစု လူဝေးမလုပ်ဖို့ပါ တားမြစ်ထားရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ဟာ မော်စကိုက ယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့တာ ၆ လ ပြည့်တဲ့ နေ့လည်း ဖြစ်ပါတယ်။ ယူကရိန်း သမ္မတ ဇလန်းစကီးကလည်း ဒီနေ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ယူကရိန်း ပြည်သူတွေက ရုရှားကို ဘာမှ ချွင်းချက်မထားဘဲ အဆုံးထိ တိုက်ထုတ်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဘီဘီစီရဲ့ ယူကရိန်း သတင်းထောက် ဂျိမ်းစ် ဝါတာဟောက်စ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြန်ပြောပြမှာပါ။