ပြည်တွင်း စားအုန်းဆီစျေး တပိဿာကို တစ်သောင်းကျော်တဲ့အထိ တက်

ဗီဒီယို ပုံစာ, ပြည်တွင်း စားအုန်းဆီစျေး တပိဿာကို တစ်သောင်းကျော်တဲ့အထိ တက်

ပြည်တွင်း စားအုန်းဆီစျေး တပိဿာကို တစ်သောင်းကျော်တဲ့အထိ တက်လာလို့ ဆီအသင်းကရောင်းချပေး နေတဲ့ နေရာတွေမှာလူအများစုတိုးကြိတ်ကာ စားအုန်းဆီရရှိရေးဝယ်ယူတာတွေများလာကြပါတယ်။ အဲလို ဝယ်ယူရတဲ့နေရာမှာလည်း လိုသလောက်မရသလို၊ ရန်ဖြစ်တာကစလို အဆင်မပြေတာစတာတွေလည်း ရှိနေပါတယ်။ စားအုန်းဆီ ပြင်ပစျေးက ဘာကြောင့်အခုလိုအမြင့်ဆုံးအနေအထားထိရောက်ရှိလာနေတာ ပါလဲ။ အကြောင်းစုံကို ကိုကျော်ဇေယျက ပြောပြပေးမှာပါ။