ထိုင်ဝမ်ကို ကန်ပစ်မထားဘူးလို့ နန်စီ ပလိုစီ ပြော

ဗီဒီယို ပုံစာ, ထိုင်ဝမ်ကို ကန်ပစ်မထားဘူးလို့ နန်စီ ပလိုစီ ပြော

၂၅ နှစ်အတွင်း ထိုင်ဝမ်ကို ရောက်လာတဲ့ အမေရိကန် နိုင်ငံရေး လောက ကသြဇာတိက္ကမ ကြီးတဲ့ သူတွေထဲမှာ အဆင့်အမြင့်ဆုံးလို့ ဆိုနိုင်တဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီက အမေရိကန် ပြည်ထောင်စုဟာ ထိုင်ဝမ်ကို ဘယ်တော့မှ ပစ်ပယ်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အဲဒီ ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်ဘက်ကတော့ ထိုင်ဝမ်ကို အခုလို လာရောက်တာဟာ သူတို့ အမျက်ထွက်စေဖို့ အကြီးအကျယ် လာစွပေးတာပဲလို့ ဆိုပါတယ်။ တရုတ်က ထိုင်ဝမ်ကို ခွဲထွက်ဒေသ တခုအဖြစ် ရှုမြင်ထားပြီး တနေ့မှာ ပြန်လည် သွပ်သွင်းဖို့ အတွက် ရည်မှန်းထားပါတယ်။ ဘေကျင်းမြို့မှာလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် သံအမတ်ကို ခေါ်ယူပြီး အခုကိစ္စကြောင့် အင်မတန် ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တာကို သတိပေးခဲ့ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။