အဲလ် ကာယီးဒါး ခေါင်းဆောင် ကန် ဒရုံးတိုက်ခိုက်မှုကြောင့် သေဆုံး
အာဖဂန်နစ္စတန်ထဲမှာ အမေရိကန်ရဲ့ ဒရုံးနဲ့ တိုက်ခိုက်မှုကြောင့် အဲလ်ကာယီးဒါး အဖွဲ့ ခေါင်းဆောင် အိုင်မန်အဲလ်ဇဝါဟာရီ သေဆုံးသွားပြီ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့က အာဖဂန်နစ္စတန်ရဲ့ ကာဘူးလ်မြို့တော်မှာ လုပ်ခဲ့တဲ့ စီအိုင်အေရဲ့အကြမ်းဖက်တိုက်ဖျက်ရေးစစ်ဆင်မှုအတွင်းမှာသေဆုံးခဲ့တာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်ထဲက အမေရိကန်တပ်တွေ ရုပ်သိမ်းသွားခဲ့ပြီး တနှစ်နီးပါး ရှိလာချိန်မှာပဲ အခုလို အခုလို တိုက်ခိုက်မှုကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။