သီရိလင်္ကာမှာ အရေးပေါ်အခြေအနေ ကြေညာ

ဗီဒီယို ပုံစာ, သီရိလင်္ကာမှာ အရေးပေါ်အခြေအနေ ကြေညာ

သီရိလင်္ကာ နိုင်ငံမှာ ယာယီသမ္မတ ရာနီးလ် ၀စ်ကရာမဆင်ဂါးက ဖက်ဆစ် နိုင်ငံရေး အယူအဆတွေကြောင့် တိုင်းပြည်မှာ အရေးပေါ် အခြေအနေ ကြေညာရတဲ့ အထိ ဖြစ်သွားရတယ်လို့ ပြောပါတယ်။ သူအစားထိုး တာ၀န်ယူရမယ့် မော်လဒိ ကို ပြေးသွားခဲ့တဲ့ ဂေါ်တာဘာရာ ရာဂျာပတ်စ်ဆာကတော့ ဒီနေ့မှာ တရားဝင်နှုတ်ထွက်စာ တင်မယ်လို့ မျှော်လင့်ရပါတယ်။

သီရိလင်္ကာမှာ စီးပွားရေး အကြပ်အတည်းတွေကြောင့် ဆန္ဒပြပွဲကြီးတွေ ဖြစ်နေခဲ့တာ ဖြစ်ပြီး အခု ယာယီသမ္မတက အခြေအနေတွေ တည်ငြိမ်စေဖို့ စစ်တပ်ကို တာဝန်ပေးထားပါတယ်။ ကိုလံဘိုမြို့က ဘီဘီစီ သတင်းထောက် အမ်ဘာရာဆ်် အီသီရာဂျန် ပေးပို့ထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။