ဘူချာ သတ်ဖြတ်မှုက လွတ်မြောက်ခဲ့သူရဲ့ ပြောပြချက်

ဗီဒီယို ပုံစာ, ဘူချာ သတ်ဖြတ်မှုက လွတ်မြောက်ခဲ့သူရဲ့ ပြောပြချက်

ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် အဆိုးဝါးဆိုး ရက်စက်မှုတွေကို ကျူးလွန်ခဲ့တာ ၅ လ ရှိခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်းက မြို့တော် ကိယဗ်ရဲ့ အပြင်ဘက်က ဘူချာမြို့စွန်မှာ လက်နက်မဲ့ လူ ၈ ယောက်ကို အစုအပြုံလိုက် ကွပ်မျက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားက ကိယဗ် နဲ့ အနီးတဝိုက် ဒေသတွေကို တလ လောက်တိုက်ခိုက်ခဲ့တဲ့ အချိန်အတွင်းမှာ လူ ၁၀၀၀ နီးပါး သေဆုံးခဲ့ကြရပါတယ်။ အဲဒီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့စဉ်က သေဆုံးသွားပြီလို့ ရုရှားတွေ ယူဆခဲ့တဲ့ လူတယောက်ဟာ မသေဘဲကျန်ခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ဖာဂဲလ် ကီန်းက အဲဒီလူနဲ့ တွေ့ဆုံမေးမြန်းနိုင်ခဲ့တာကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။ အခု သတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါနိုင်ပါတယ်။