ဝက်လက်မှာ ရှေးဟောင်းပစ္စည်း တူးဖော်

ဗီဒီယို ပုံစာ, ဝက်လက်မှာ ရှေးဟောင်းပစ္စည်း တူးဖော်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာတွေဘက်မှာတော့ ပျူခေတ်ရှေးဟောင်း ပစ္စည်းတွေ တွေ့တယ်ဆိုပြီး လူထောင်ချီတူးဖော်နေကြတယ်လို့ ပြောပါတယ်။ ဒီရရှိတဲ့ ပစ္စည်းတွေကို ပွဲစားလို့ဆိုသူ တွေကလည်း အဆင်သင့်စောင့်ဆိုင်းဝယ်ယူနေကြတယ်လို့ မြေပြင်မှာတူးဖော်နေသူတွေက ဘီဘီစီကို ပြောကြပါတယ်။ ဒါဟာ ရှေးဟောင်းပစ္စည်းဟုတ်၊မဟုတ်စစ်ဆေးနေပြီလား။ ဒီအကြောင်းစုံကို မနှင်းမိုက စုစည်းပြောပါမယ်။