ယူကရိန်း ကုန်တိုက်ကို ရုရှား ဒုံးကျည်နဲ့ပစ်

ဗီဒီယို ပုံစာ, ယူကရိန်း ကုန်တိုက်ကို ရုရှား ဒုံးကျည်နဲ့ပစ်

ယူကရိန်းက ကုန်တိုက် ကြီးတခုကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာဟာ ဥရောပ သမိုင်းမှာ အရှက်ကင်းမဲ့ဆုံး တိုက်ခိုက်မှုတခု ဖြစ်တယ်လို့ ယူကရိန်း သမ္မတက ပြောလိုက်ပါတယ်။ Kremenchuk မြို့ထဲမှာ ရှိတဲ့ ဒီကုန်တိုက် တိုက်ခိုက်ခံရချိန်မှာ အထဲမှာ လူပေါင်း ၁၀၀၀ လောက်ရှိနေခဲ့မယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီ တိုက်ခိုက်မှုကြောင့် ၁၈ ယောက်ထက်မနည်း သေဆုံးပြီး ၅၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်က ထပ်တိုးလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဂျာမနီမှာ ကျင်းပနေတဲ့ စက်မှု အင်အားကြီး ၇ နိုင်ငံ ဂျီ 7 ညီလာခံကို တက်ရောက်လာကြတဲ့ နိုင်ငံ ခေါင်းဆောင်တွေကလည်း ဒါဟာ စက်ဆုပ်ဖွယ် လုပ်ရပ် ဖြစ်တယ်လို့ ပြောလိုက်ကြပါတယ်။

ကိုရင်မောင်က ဆက်ပြောပြမှာပါ။