ICRC က အကူအညီလိုအပ်နေတဲ့ ဒေသတွေဆီ သွားဖို့ တောင်းဆို
နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး Christine Cipolla ဟာမြန်မာနိုင်ငံကို ၄ ရက်ကြာလာရောက်ခဲ့ပြီး စစ်ကောင်စီ နဲ့တွေ့ဆုံခဲ့ပါတယ်။ လူသားခြင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီတွေလိုအပ်နေတဲ့ ဒေသတွေကို သွားရောက်ဖို့ ဆွေးနွေးခဲ့တဲ့သလို အကျဉ်းထောင်တွေထဲ ဝင်ရောက်လေ့လာဖို့ကိုပါ တောင်းဆိုခဲ့ပါတယ်။ အကြောင်းစုံကို ကိုတင်အောင်ကျော်ကပြောပြပေးမှာပါ။