ကြီးမားတဲ့ အာကာသ တွင်းနက်ကြီး ထပ်မံတွေ့ရှိ

ဗီဒီယို ပုံစာ, ကြီးမားတဲ့ အာကာသ တွင်းနက်ကြီး ထပ်မံတွေ့ရှိ

ကမ္ဘာဂြိုဟ် ပါဝင်နေတဲ့ အာကာသဟင်းလင်းပြင်ဗဟိုချက်လို့ ယုံကြည်ရတဲ့ အာကာသတွင်းနက်ကြီးရဲ့ ပထမဆုံး ပုံရိပ်တွေကို နိုင်ငံတကာ အာကာသလေ့လာသူတွေက ရိုက်ယူနိုင်ခဲ့ကြပါတယ်။

ဒီပုံတွေကို လေ့လာခြင်း အားဖြင့် အာကာသ ဟင်းလင်းပြင် နဂါးငွေ့တန်းတွေ ဘယ်လို ဖြစ်ပေါ်လာသလဲ။ ကမ္ဘာမြေဆွဲငင်အားတွေ ဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုတာကို လေ့လာနိုင်မယ်လို့ ဆိုကြပါတယ်။ မကြာခင်ကမှ တွေ့ရှိခဲ့တဲ့ အာကာသ တွင်းနက်ကြီး အကြောင်း ကိုဘိုဘိုက ဆက်ပြောပြပေးမှာပါ။