ဆာဗရော့ဒေါညက်စ်ထဲမှာ အရပ်ပြည်သူတွေ ပိတ်မိနေကြ
ယူကရိန်း အရှေ့ဖျားက ဒွန်ဘတ်စ် ဒေသထဲမှာ ရုရှားတပ်တွေဟာ တစစနဲ့ ပိုပြီး ထိန်းချုပ်လာနိုင်နေပါတယ်။ ယူကရိန်း သမ္မတ ဇလန်းစကီးကလည်း အနောက်အုပ်စု မဟာမိတ်တွေကို ရုရှားတပ်တွေ ရှေ့ဆက်မတိုးလာနိုင်စေဖို့ ယူကရိန်း စစ်တပ်အတွက် ခေတ်မီ ဒုံးကျည် စနစ်တွေပေးဖို့ အတွက် ထပ်ပြီး အကူအညီတောင်းလိုက်ပါတယ်။
မဟာဗျူဟာ အရ အချက်အချာကျတဲ့ ဆာဗာရိုဒေါညက်စ်မြို့ ကိုလည်း တမြို့လုံးနီးပါး ရုရှားက ထိန်းချုပ်ထားနိုင်နေပြီ ဖြစ်ပါတယ်။ မြို့ အဝင်အထွက်လုပ်နိုင်တဲ့ နောက်ဆုံးကျန်နေတဲ့ တံတားကိုလည်း ချိုးလိုက်ပြီ ဖြစ်တာကြောင့် မြို့ထဲမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သူ အရပ်သားတွေ ပိတ်မိနေကြပါတယ်။
ရုရှားဟာ အနီးမှာရှိတဲ့ လစ်ဆီချန့်စ်ခ် မြို့ကိုလည်း လက်နက်ကြီးမိုး ရွာနေတာကြောင့် မြို့ခံတွေ ပြေးနေကြရပါတယ်။ ဘီဘီစီ သတင်းထောက် အိုလာ ဂါရင်နဲ့ ဗီဒီယို သတင်းထောက် ကောမ် အိုမော်လီတို့ ဒွန်ဘတ်စ်က ပေးပို့ထားတဲ့ သတင်းကို မရီရီအောင်က ပြန်ပြောပြမှာပါ။