ဆေးဝါးပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ သီရိလင်္ကာ

ဗီဒီယို ပုံစာ, ဆေးဝါးပြတ်လပ်မှုနဲ့ ကြုံနေရတဲ့ သီရိလင်္ကာ

စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ အရင်က မကြုံစဖူး ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ဆေးဝါးနဲ့ ဆေးပညာဆိုင်ရာ ပစ္စည်းကိရိယာတွေ ဆိုးဆိုးဝါးဝါး ပြတ်တောက်လာနေပြီလို့ ဝန်ကြီးချုပ်သစ်က ဝန်ခံပြောဆိုထားပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ်က ပြိုကျလုနီးပါး ဖြစ်နေတာကြောင့် ဆေးဝါး တင်သွင်းမှုအတွက် ငွေပေးချေရမယ့် ဒေါ်လာ ၁ဝသန်းနီးပါးကိုလည်း အကြွေးမဆပ်နိုင်ဖြစ်နေပါတယ်။

ဘီဘီစီသတင်းထောက် Nitin Srivastava ကိုလန်ဘိုမြို့ကနေ ပေးပို့တဲ့ သတင်းကို ကိုရင်မောင်က ပြန်ပြောပြ မှာပါ။