တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ
မန္တလေးမြို့မှာ ဒီရက်ပိုင်းအတွင်း NLD ပါတီဝင်အပါအ၀င် အရပ်သားတချို့ သတ်ဖြတ်ဖမ်းဆီးခံရတာတွေရှိနေပါတယ်။ တခါ ဒီကနေ့မနက် အစောပိုင်းမှာ NLD အစိုးရအဖွဲ့၀င်ဟောင်းတွေ တရားစွဲဆို ခံထားရတဲ့ အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံခဲ့ရပြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) နဲ့ တရားစွဲဆိုခံထားရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေကအတည်ပြုပါတယ်။ အပြည့်အစုံကို ကိုထက်အောင်က ပြောပြပေးမှာပါ။