ဘူချာမြို့က သတ်ဖြတ်မှုများ ရုရှား လက်ချက်လို့ ယူကရိန်း သမ္မတပြော

ဗီဒီယို ပုံစာ, ဘူချာမြို့က သတ်ဖြတ်မှုများ ရုရှား လက်ချက်လို့ ယူကရိန်း သမ္မတပြော

ယူကရိန်း သမ္မတ ဗလော်ဒီမီယာ ဇလင်းစကီးဟာ ရုရှားတပ်တွေ ဆုတ်ခွာသွားပြီးနောက် ထိတ်လန့်စရာ ကောင်းလောက်အောင် လမ်းမပေါ်မှာ အရပ်သားပြည်သူတွေရဲ့ အလောင်းတွေ အများအပြား တွေ့ခဲ့ရတဲ့ ဘူချာမြို့ကို သွားရောက်ခဲ့ပါတယ်။

မစ္စတာ ဇလင်းစကီးက ရုရှားစစ်တပ်ဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဂျဲန်နိုဆိုက်ဒ်ကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့သလို အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်ကလည်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ စစ်ရာဇဝတ်ကောင် ဖြစ်တယ်၊ သူ့လုပ်ရပ်တွေအတွက် ခုံရုံးတင်သင့်တယ်လို့ ပြောခဲ့ပါတယ်။

ရုရှားကတော့ ယူကရိန်း အရပ်သား ပြည်သူ ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အပေါ်မှာ သူတို့ ဘာမှ ပါဝင်ပတ်သက်မှု မရှိပါဘူးဆို ငြင်းဆိုနေပါတယ်။

ပြီးတော့ ကမ္ဘာ့ မီဒီယာတွေမှာ ဖော်ပြနေတဲ့ ပုံတွေဟာလည်း လုပ်ကြံ ဖန်တီးထားတာတွေ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ သမ္မတ ဇလင်းစကီးနဲ့ အတူ ဘူချာမြို့ကို သွားရောက်ခဲ့တဲ့ သတင်းအဖွဲ့မှာ လိုက်ပါသွားခဲ့တဲ့ ဘီဘီစီ သတင်းထောက် ယောဂီတာလင်မရဲရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။