ယူကရိန်း ပြည်သူတွေ စစ်ဘေးဒဏ်ခံနေရဆဲ

ဗီဒီယို ပုံစာ, ယူကရိန်း ပြည်သူတွေ စစ်ဘေးဒဏ်ခံနေရဆဲ

ယူကရိန်းအစိုးရက ရုရှားတပ်တွေ ဆုတ်ခွာသွားပြီးနောက် ကိယဗ် ဒေသတခုလုံးကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။ ဒါပေမယ့် အရှေ့ပိုင်းက လူဟန့်စ်ခ် ဒေသမှာတော့ တိုက်ပွဲတွေက အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတောင်ပိုင်းက အိုဒက်ဆာ ဆိပ်ကမ်းမြို့မှာလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ပွဲအခြေအနေတွေက အပြောင်းအလဲ ရှိလာပေမယ့် အရပ်သားပြည်သူတွေမှာတော့ စစ်ဘေးစစ်ဒဏ်တွေကို ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် အိုလာဂါရင် ပေးပို့ထားတဲ့ သတင်းကို မရီရီအောင်က ပြောပြမှာပါ။ ဒီသတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါတဲ့အကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။