နိုင်ငံခြားသုံးငွေတွေကို တစ်ရက် အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ် ဗဟိုဘဏ်ပြော

ဗီဒီယို ပုံစာ, နိုင်ငံခြားသုံးငွေတွေကို တစ်ရက် အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ် ဗဟိုဘဏ်ပြော

နိုင်ငံခြားသုံးငွေ နဲ့ ရတဲ့ဝင်ငွေတွေကို တစ်ရက် အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ဗဟိုဘဏ်က မနေ့က ထုတ်ပြန်လာပါတယ်။ ဒီညွှန်ကြားချက်အသစ်ကြောင့် ဒေါ်လာနဲ့ ဝင်ငွေရနေသူတွေ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ နဲ့ ဘဏ်တွေအကြား ဂယက်ရိုက် သွားပါတယ်။ အကြောင်းစုံကို ဘီဘီစီသတင်းထောက်ကိုနန္ဒက ပြောပြပေးပါ။