ဒေသခံတွေ ကန့်ကွက်နေကြတဲ့ ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်း

ဗီဒီယို ပုံစာ, ဒေသခံတွေ ကန့်ကွက်နေကြတဲ့ ကျောက်မီးသွေးတူးဖော်မှုလုပ်ငန်း

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နမ့်မ ဒေသမှာ ကျောက်မီးသွေး စမ်းသပ်တူးဖော် တာတွေကို ပြန်လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။

အခုတူးဖော်တဲ့ ကျောက်မီးသွေးတွင်းလုပ်ငန်းအနီးမှာ ဒေသခံတွေရဲ့ တောင်ယာမြေတွေကို ရေစီးဆင်းမှုတွေပိတ်ဆို့တာတွေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေကြောင့် ဒေသခံတွေက ကန့်ကွက်နေကြတာပါ။

အပြည့်အစုံကိုတော့ မအိမ့်ခိုင်ဦးက ပြောပြပေးမှာပါ။