လောင်စာဆီ စျေးနှုန်း ဆက်လက်မြင့်တက်

ဗီဒီယို ပုံစာ, လောင်စာဆီ စျေးနှုန်း ဆက်လက်မြင့်တက်

စစ်တပ်က အာဏာသိမ်းထားတာ တနှစ်ကျော်လာချိန်မှာတော့ ပြည်တွင်းလောင်စာဆီစျေးနှုန်းတွေဟာ ၁လီတာကို မြန်မာငွေကျပ် (၂၀၀၀)ကျော်အထိမြင့်တက်လာခဲ့ပါတယ်။ ဒီလိုစျေးနှုန်းမြင့်တက်မှုရဲ့ နောက်ဆက်တွဲ အနေနဲ့ စီးပွားရေးထိခိုက်မှုတွေရှိလာသလို၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကြောင့် ပြည်သူတွေဟာ အခက်အခဲတွေနဲ့ ပိုရင်ဆိုင်လာရပါတယ်။ စွမ်းအင် စျေးနှုန်းကြီးမြင့်မှု ပြဿနာကို သက်ဆိုင်ရာအာဏာပိုင်တွေ ဘက်ကရော ဘယ်လိုတုံ့ပြန်ကြပါသလဲ၊ အကြောင်းစုံကို ဘီဘီစီသတင်းထောက် မနှင်းမိုက ပြောပြပေးမှာပါ။