ယူကရိန်းအရေး ပိုရှုပ်ထွေးလာ
ယူကရိန်း အရေးက ပိုပြီး ရှုပ်ထွေးလာနေပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်တို့က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းက ခွဲထွက်ဖို့ ကြိုးစားနေတဲ့ နယ်မြေတွေ ဖြစ်ကြတဲ့ ဒေါညက်စ်နဲ့ လူဟန့်စ်ခ် တို့ကို အသိအမှတ်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့နောက်မှာ ချက်ချင်း ပိတ်ဆို့ အရေးယူမှုတွေ ပြဋ္ဌာန်းသွားမယ်လို့ တုံ့ပြန်လိုက်ကြပါတယ်။
ဒီနေ့ အနှောင်းပိုင်းမှာတော့ ဥရောပ သမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က ဘယ်လို ပိတ်ဆို့ အရေးယူမှုတွေ လုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ ရှိပါတယ်။
မကြာသေးခင်ကပဲ ဂျာမနီ ဝန်ကြီးချုပ်က သူတို့ဆီကို သွယ်တန်းနေတဲ့ ဘောလ်တစ် ဓာတ်ငွေ့ပိုက်လိုင်း Nord Stream Two တည်ဆောက်မှုတွေကို ဆိုင်းငံ့လိုက်တဲ့ အကြောင်းကြေညာလိုက်ပါတယ်။ မကြာမီ နာရီပိုင်းတွေအတွင်းမှာ နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေ ထပ်ပြီး ကြားကြရဖို့ ရှိနေပါတယ်။
ကိုရင်မောင် က ပြောပြမှာပါ။