အာဖရိက တိုက်က ဆေးတု ပြဿနာ

ဗီဒီယို ပုံစာ, အာဖရိက တိုက်က ဆေးတု ပြဿနာ

အာဖရိကမှာ ရောင်းချနေတဲ့ ဆေး ၁၀မျိုးထဲက တစ်မျိုးဟာ ဆေးအတု ဒါမှမဟုတ် စံချိန်စံညွှန်းမမီတဲ့ ဆေးတွေ ဖြစ်နေတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။ နိုင်ဂျီးရီးယား နိုင်ငံမှာ ဆိုရင် ဆေးတုတွေ ပျံ့နှံ့နေမှု ပြဿနာက အလွန်ကြီးထွားလာနေပါတယ်။ အဲဒီက အဒီဘာယော အလွန်ဂျီ ဆိုသူဟာ ဆေးတုကြောင့် သူ့အသက်သေဆုံးနိုင်တဲ့ အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် ဒီလို ဆေးတုတွေ ပြန့်ပွားနေတာကို တိုက်ဖျက်ဖို့ သူက ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သူက နည်းပညာတစ်ခုကို ဖန်တီးပြီး ဆေးတုတိုက်ဖျက်ရေး အတွက်လည်းလုပ်ဆောင်နေပါတယ်။ မရီရီအောင်က ဆက်ပြီးပြောပြပေးပါ့မယ်။