ကန့်ကွက်မှု၊ ကန့်သတ်မှုတွေကြားက တရုတ် အိုလံပစ်ပြိုင်ပွဲ
တရုတ်နိုင်ငံဘေဂျင်းမြို့မှာ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို စတင်ကျင်းပနေပါပြီ။
အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ မှာတော့ မီးရှူးမီးပန်းတွေနဲ့ ဖျော်ဖြေပွဲတွေက ရင်သပ်ရှုမောစရာပါ။ ဒါပေမဲ့ ကိုဗစ်ကြောင့် ဝင်ရောက် အားပေးခွင့်ကို ကန့်သတ်ထားပါတယ်။ ပြိုင်ပွဲတိုင်းမှာ နှာခေါင်းစည်းတပ်တာ၊ နေ့တိုင်း PCR စစ်တာ အပါအဝင် ကိုဗစ်စည်းမျဉ်းတွေ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ဒီပွဲကို ဖိတ်ကြားခံရသူတွေပဲ ပြိုင်ပွဲခန်းမတွေထဲ ဝင်ခွင့်ရပြီး အနီးကပ်ကြည့်ခွင့် ရကြမှာ ဖြစ်ပါတယ်။
အဲဒီမှာ နိုင်ငံပေါင်း၉၁နိုင်ငံက အားကစားသမား ၃ထောင်ကျော် ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခု ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို နိုင်ငံတချို့က ဝင်မပြိုင်ဘဲ သပိတ်မှောက် ကန့်ကွက်တာတွေလည်းရှိခဲ့ပါတယ်။ ကိုထက်အောင်က ဆက်ပြောပြပေးမှာပါ။